အမဖြစ်သူက မောင်လေးအပေါ် ချစ်ခြင်းတရားတွေနဲ့ ပြန်ပေးဆပ်လိုက်သော
အခါ့
ထူးခြားဆန်းပြားပြီးစိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးနေတဲ့ www.globalmyanmarnews.blogspot.com
💗 အဘယ့်ကြောင့် ဆိုသော် 💗
အပိုင်း ---၁
နွေအရိပ် (နှလုံးသားရဲ့ ခံစားချက် )
အာကာသဟင်းလင်းပြင်ကြီး တောက်ပြာ
လျက်ရှိနေပြီး မြူခိုးရောင် တိမ်ဆိုင်လေးတွေ
က ကောင်းကင်ပြင်၌ မျောလွင့်ဆော့ကစား
နေကြသည် ။
အလားတူပင် လေပြေနုနုအေးအေးလေး
တွေက ပတ်ဖြန်းတိုက်ခတ်လိုက်သောအခါ•••
ဟိုယိုင် ဒီယိုင်ဖြစ်သွားသော စိမ်းစိုစို သစ်ပင်
လေး၌ သစ်ရွက်ခြောက်ဝါလေးများ မြေပြင်
သို့ ဖြေးညှင်းစွာကြရောက်သွားလေသည် ။
ထိုလှပနေသော မြင်ကွင်းက ကျွန်တော့
စိတ်နှလုံးကို ကြည်နူးစေပြီး ကျွန်တော့နှုတ်ခမ်းပါးလေးအား ချိုသာသော
အပြုံးလေးကို ဖန်ဆင်းပေးသည် ။
အထုတ် အပိုးတွေကို လက်နဲ့စွဲရင်း ကျေး
တော၌ သဘာဝအလှတရားများကို သာယာ
မိန်းမောစွာ ကြည့်နေခဲ့သော ကျွန်တော်သည်
ကိုးရီးယားကားတွေထဲကလို အသံကျယ်ကြီး
ဖြင့် လွတ်လွတ် လပ်လပ် ရင်ဖွင့်အော်တော့
သည် ။
'' ဟေးးးးးး တောရွာကြီးရေ ဟော်ဒိက
နေဝန်းသော် တောရွာကြီးစီကို ပြန်လာပြီးးးးး''
ကျွန်တော့ရင်ထဲတွင် ပျော်ရွှင်ဖွယ်စရာကောင်းသော ကျွန်တော့တို့
မိသားစုလေးကို ပြေးမြင်ရောင်ပြီး သွားစွယ်
ဖြူဖြူလေးများပေါ်အောင် ရီမိလိုက်သည် ။
ကျွန်တော့နာမည်က နေဝန်းသော့့်
အသက်အရွယ်ကတော့ ၁၈နှစ်
အရမ်ူနုပျိုတဲ့အရွယ်ဆိုပါတော့
အရပ်အမောင်းကတော့ ၅ပေနဲ့ ၁လက်မ
ပြောရမယ်ဆို ပိစိလေးလေ ဟိ့
ခပ်ချွန်းချွန်း မျက်နှာလေးကို ပေါ်လွင်အောင်
နှာတံသွယ်သွယ်လေးက ဝင်ရောက်ဖြည့်စွပ်
ပေးလိုက်တော့ သစ်ရွက်ပုံပမာ မျက်ဝန်းလေး
တွေက အရောင်ထင်ဟပ်သွားရသည် ။
အော် တစ်စိတ်လောက် ပြောရအုံးမယ်
ကျွန်တော့ရဲ့ဆံပင်လေးတွေက ခဲသားရောင်
လေးတွေနော် ••••••••
ကျွန်တော်ငယ်ငယ်ထဲက ရန်ကုန်မှာ ပညာသင်ပြီးနေခဲ့ရတာ့ အခု ၁၀တန်း
အောင်တော့ တောရွာလေးစီကို ပြန်လာခဲ့ပြီ
လေ့ ကျွန်တော့ကို ဖုန်းဆက်ထားတာ
တော့ ဖေဖေကိုယ်တိုင် လာကြိုမယ်တဲ့
ကျွန်တော် ပျော်သည်ထက် အဆပေါင်းများစွာ
ပျော်သည် ။
နေကြာခင်းထဲက နေကြာပန်းလေးတွေက
ကျွန်တော့အား ပြုံးရွှင်စွာ ကြိုဆိုနေသလား ?
နေဝန်းသော် နေကြာခင်းကို မျှော်ငေးနေစဉ်
စက်ခနဲပခုံးကို စွဲဖိခံလိုက်ရတာကြောင့်
ရင်ထဲ ထိတ်ခနဲ လန့်ဖြန့်သွားရသည် ။
အလျင်အမြန် ကျွန်တော်နောက်ကို လှည့်
ကြည့်မိလိုက်သောအခါ •••••••
'' ဟင့် ဖေဖေ ''
ကျွန်တော့နှုတ်မှ ဖေဖေလို့ လွမ်းဆွတ်နေသော လေသံဖျော့လေးနဲ့
ခေါ်မိရင်း ဖေဖေ့ရင်ခွင်းကျယ်ကြီးထဲအား
တိုးဝင်၍ ဖေဖေ့ကို ဖတ်တွယ်လိုက်ပါသည် ။
ဉီးစောနိုင် တစ်ယောက် သားရဲ့ခေါင်းလေး
ကို သာသာပွတ်ရင်း စကားလုံးလှလှလေးများ
ထွက်ကြလာခဲ့ တော့သည် ။
'' သား ဖေဖေက ငါ့သားလေးကို နေ့ရှိသ၍
လွမ်းနေတာ ''
နေဝန်းသော် ဉီးစောနိုင်ပြောလိုက်တဲ့ စကား
ကြောင့် မျက်နှာရှုံ့မဲ့၍ ခပ်ချွဲချွဲပြောလိုက်သည် ။
'' ဟွန်းးးးးး ဟုတ်ကော့ ဟုတ်ရဲ့လား ''
ဉီးစောနိုင် သွားတွေပေါ်အောင် ပြုံးပြီ့း့
'' တကယ်ပါဗျာ ''
'' သား ''
'' ဗျာ ''
'' နေကအရမ်းပူတယ် ရွာကိုသွားရအောင်
အိမ်မှာ သားအမေရယ် သားမမရယ် ရွာထဲက
ရွာသူရွားသားတွေ သားလာတာကို
မျှော်နေကြတာ ''
'' ဟုတ် သွားရအောင်လေ ဖေဖေ ''
လမ်းတစ်လျှောက် ကျွန်တော်တို့သားအဖ
နှစ်ယောက်ရဲ့ အော်ရီသံတွေက ဖုံးလွှမ်းနေ
သည် ။ ကျွန်တော်တို့ရဲ့ ရီသံတွေကြောင့်
လားမသိ ဘေးပတ်ဝန်းကျင်မှ ငှက်ကလေးတွေတောင် လန့်ဖြန့်ပြေးကုန်သည် ။
ရွာထဲ၌ နေအိမ်တစ်ချို့သည် ထရံကာ များ
ကြသည် ။ တစ်ချို့တစ်ဝက်က ၂ထပ်တိုက်များ
ပျဉ်ထောင်အိမ်များဖြစ်သည် ။
အနည်းစုကတော့ ထန်းရွက်အိမ်များဖြစ်သည်။
ခွေးနှစ်ကောင်ကလည်း ရွာလမ်းထဲမှာ
တစ်အိုင်အိုင်နဲ့ ကိုက်နေကြသည် ။
ရွာလမ်းလေးက မညီညာပဲ အလယ်၌ ခွပ်က
လေးတွေဖြစ်နေသည် ။
ခြံစည်းရိုးကို သပ်သပ် ရပ်ရပ် ကာထားတဲ့
ကျွန်တော်တို့ အိမ်စီသို့
''' ဟေ့း ဟိုမှာ ရီးလေးသောင်းသား လာနေ
ပြီ ''
ကျွန်တော်လာသည်နှင့် ရွာသူ ရွာသားများ
အော်ဟစ်ဆူညံကြတော့သည် ။
ကလေးများကလည်း ဆော့နေရင်းကြားက
နေပြီး တစ်ယောက်နဲ့တစ်ယောက် အလု
အယပ် ပြေးလာကြသည် ။
'' ကိုကိုကြီး ညီလေးတို့ကို မုန့်ကျွေးအုံး ''
ကျွန်တော်လည်း အသင့်ပါလာတဲ့ မုန့်ထုတ်
လေးတွေကို ထိုကလေးများအား ဝေပေးလိုက်
သည် ။
ကျွန်တော့ရဲ့ ရင်ထဲမှာ ဝမ်းသာသလိုလို
ကြည်းနူးမိသလိုနဲ့ ဘာပြောရမှန်းတောင်
မသိတော့ပါ စိတ်ကလေးတွေ ကြည်းနူးနေသလို ကျွန်တော့ရဲ့ ရင်တွေက
ခုန်နေမိပါသည် ။
'' သားလေးရေ အမေ့စီလာပါအုံး ''
အမေ့ရဲ့ အော်ခေါ်သံကြောင့် ကျွန်တော်
အပြေးအလွှား အမေ့စီသွားကာ အမေ့အား
အားရပါးရ ဖတ်တွယ်လိုက်သည် ။
'' ငါ့သားလေးကို လွမ်းနေတာ အမေက
အဲမလေး ကြည့်စမ်းပါအုံး အမေ့သားလေးက
ကိုးရီးယား မင်းသားလေးကြနေတာပဲ ''
အမေ့ရဲ့ ဂုဏ်ယူ ဝင့်ကြွားသော စကားလေး
ကြောင့် ကျွန်တော်ပြုံးမိလိုက်သည် ။
'' ဟုတ်တယ်မောင်လေး ငါ့မောင်က ကိုးရီး
ယားမင်းသားလေးအတိုင်းပဲ နေ့လည်ကြရင် သူငယ်ချင်းတွေစီ ခေါ်သွား
ပြီး ကြွားရအုံးမယ့် ဟဲ့ ဟဲ ''
'' မမသော်ကလည်း ကျွန်တော်နေတတ်တော့ဘူး ''
'' အံ့မယ် အံ့မယ် ရှက်နေတာလေးက
ပိုချောတယ် ''
ကျွန်တော်တို့ စကားပြောနေရင်းကြားက
လူအုပ်ကြားထဲမှ အဒေါ်ကြီးတစ်ယောက်က
ခပ်ရယ်ရယ်စကားဆိုသည် ။
'' ဟယ့် နေဝန်းလေးက ငယ်ငယ်ကနဲ့
လားလားမှ မဆိုင်တော့ဘူး ကြည့်စမ်းပါအုံး
ငယ်ငယ်ကဆို ဂွေးတုံးလုံးလေးနဲ့ ဖင်လေးက
ပြောင်လို့ ''
ရွာထဲလူများက သဘောကြရယ်မောကုန်
သည် ။
ကျွန်တော်ကတော့ ရှက်လွန်း၍ မျက်နှာပင်
ငရုတ်သီးစားထားသလို နီရဲနေသည် ။
'' အမေ ရွာထဲက လူတွေကို မုန့်လေးတွေ
ဝေပေးလိုက်နော် သားကတော့ အိမ်ထဲပြေးတော့မယ် ''
'' ဟဲ့ မောင်လေး မမရော လိုက်ခဲ့မယ် ''
'' သဘောမမရေ ''
ဒေါ်သောင်းကတော့ သားဖြစ်သူကို ကြည့်ပြီး
ရီနေတော့သည် ။
နေဝန်းသော် ကုတင်၌ စောင့်စောင့်ထိုင်
ပြီး သက်မချလိုက်သည် ။
ရှက်ကလည်း ရှက်နေသည် ။
သော်တာ နေဝန်းသော်နားသို့ ကပ်ထိုင်ရင်း
ရန်ကုန်က ဘယ်လိုကြီး ဘယ်သို့ကြီး
ဘာတွေရှိတယ်ဆိုတာကို ခပ်ပြုံးပြုံးနဲ့ လက်
တို့မေးသည် ။
နေဝန်းက ၏သို့ဆိုသည် ။
'' ရန်ကုန် အလွန်းကြီးတဲ့ ကျယ်တဲ့မြို့မမရ
ဘုရားတွေဆိုလည်း ကြည်ညိုစရာကောင်း
တာ တိုက်တွေဆို မိုးတောင်ထိခမှန်းပဲ
လူတွေဆို ကြိတ်ကြိတ်တိုးကြီး ဒီကြားထဲ
လူလိမ် လူညာတွေက ဆိုတော့ ပေါပေ့
တစ်ချို့ကောင်မလေးတွေဆို ဘောင်းဘီတိုတို
အင်္ကျီရှက်ပေါ်တွေနဲ့ ဘာမှလည်း မလှဘူး
မမသော်ကသာ သူတို့တွေထက် အဆ
တစ်ရာ ပိုလှသေးတယ် ''
သောတာ နေဝန်းပြောလိုက်တဲ့ စကားကြောင့် ရှက်ပြုံးဖြင့် လက်လေးကို
ကိုက်ရင်း
'' ဟုတ်လား ''
ထိုအခါ နေဝန်းက ပြုံးပြီးစကားဆိုသည် ။
'' ဟုတ်တာပေါ့ ''
' ကဲ ငါ့မောင်လေး ရေသွားချိုးရအောင်
နေ့လည်ရွာထဲ လျှောက်လည်မယ် ''
'' okလေ မမ''
နေဝန်းနဲ့ သော်တာ အင်္ကျီထုတ်လေးကို
ဆွဲပြီး အိမ်ရှေ့မှာ ထိုင်နေတဲ့ ဉီးစောနိုင်နဲ့
ဒေါ်သောင်းကို စကားလှမ်းပြောသည် ။
'' ဖေဖေ သမီးတို့ ရေသွားချိုးတော့မို့ ''
'' အေးအေး သွားလေသမီး မောင်လေးကိုလည်း သေချာခေါ်သွားအုံး
လမ်းက အပျိုလေးတွေက စွဲခေါ်သွားအုံးမယ် ''
ဉီးစောနိုင် သဘောကျ အားရစွာ ရီလိုက်သည်
'' ဟားးးးးး''
နေဝန်းသော်ကတော့ ရှက်ကို ရှက်ကန်းနဲ့
တစ်ကြိုးထဲ ပြေးတော့သည် ။
ဉီးစောနိုင်က ရယ်ကျဲကျဲဖြင့် သော်တာ့ကို
စကားဆိုသည် ။
'' သမီးမောင်လေးနောက်ကို လိုက်ပေတော့
ညည်းမောင်တော့ ရှက်လို့ပြေးပြီဟေ့ ''
သော်တာကတော့ နေဝန်းနောက် အဝတ်စားထုတ်များစွဲပြီး အပြေးတစ်ပိုင်း
လိုက်ရတော့သည် ။
'' ဟဲ့ ငါ့မောင် မမကို စောင့်ပါအုံး ''
နေဝန်းသော်က အလိုမကျသော မျက်နှာနှင့်
သော်တာ့ကို ခပ်စူစူပြောလိုက်သည် ။
'' မမကလည်း မြန်မြန်လာပါဆို ထယ်ခဲကြား
ထဲ မော်ဒယ်လမ်းလျှောက်နေသေးတယ် ''
နေဝန်းစကားကြောင့် သော်တာ ဟပ်ဟပ်
ပတ်ပတ်ရီချလိုက်တော့သည် ။
'' ဟားးးးးး''
'' ဉီးလေးစောနိုင့့် အရီးသောင်း ''
'' အော် မောင်ကိုမင်းပါလား လာကွ
လက်ဖတ်ရည်သောက်အုံး ''
''' ဟုတ်ကဲ့ ဉီး''
ကိုမင်း ပြောလက်စ စကားကိုဖြတ်ပြီး ထိုင်ခုံ
ပေါ်ဝင်ထိုင်သည် ။ ပြီးနောက် ရေနွေးအား
မော့သောက်၍ စကားဆိုသည် ။
'' ဉီးလေးစောနိုင်သား ရန်ကုန်က လာတယ်
ဆိုလို့ လာကြည့်တာ ''
'' အေးကွ သားက သူ့မမနဲ့ ရေချိုးထွက်သွား
တယ် ချောင်းကို ''
'' အော် ဟုတ့် ဒါနဲ့ ဉီးလေးစောနိုင် မနက်
ဖြန် စပါးရိတ်အတွက် လူ ၅ယောက်လောက်
ရတယ် ''
'' အေး ရသလောက်ပေါ့ကွာ မောင်ကိုမင်း
ကိုလည်း ဉီးတို့က ကျေးဇူးလည်းတင်ပါတယ်
အားလည်းကိုးပါတယ်ကွာ ''
'' ဟုတ်ဉီး ရပါတယ် ဒါဆို ကျွန်တော်သွား
တော့မယ်နော် အလုပ်လေးလက်စသတ်ရအုံးမှာ့ အမေက
ဟင်းရွက်ခူးနေလို့ ''
'' အေးအေး ဂရုစိုက်သွားအုံး မောင်ကိုမင်း ''
'' ဟုတ်ကဲ့ဉီး ''
ကိုမင်းထွက်သွားပြီးတဲ့နောက် ဉီးစောနိုင်
က ကိုမင်းကို သဘောကြကြောင်း
ဒေါ်သောင်းအား ပြောတော့သည် ။
'' မေကြီးရေ ငါကတော့ မောင်ကိုမင်းလေးကို
သဘောကြတယ်ဟ အလုပ်လည်းကြိုးစား
တယ် ရိုးလည်းရိုးသားတယ်ကွ
ရုပ်ရည်လေးကဆို မင်းသားရှုံးပဲကွ
ရွာထဲက သမီးရှင်တွေကလည်း ဖိတ်ဖိတ်တုန်
အောင် သဘောကြနေကြတာ ''
ဒေါ်သောင်းကလည်း အားကြမခံပြောပြန်သည် ။
'' တော်ပြောမှလားတော့ ကျုပ်သမီးလေး
သော်တာကလည်း မောင်ကိုမင်းကို သဘော
ကြနေသတဲ့ရှင့်
ဟဲ ဟဲ ဟဲ ''
'' ဟဲ့ ငါ့မောင် ရေမြန်မြန်ချိုး ဖျားနေလိမ့်မယ်
ချောင်းရေက ဖျားတတ်တယ် ''
နေဝန်းက သော်တာ့အား ခပ်စူစူကြည့်ပြီး
'' မမသော်ကလည်း သူချိုးလိုပြီးတိုင်း ဒီမှာချိုး
လို့ကောင်ူနေတာ ''
'' ငါ့မောင် မမက စေတနာနဲ့ ပြောတာနော် ''
'' မမချမ်းနေရင် ပြန်နှင့်လေ ကျွန်တော်
နောက်က လိုက်လာခဲ့မယ် ''
သော်တာက နေဝန်းကို စိုးရိမ်သော အမူအရာ
နှင့် မေူသည် ။
'' နင်တစ်ယောက်ထဲ ရလို့လား ဟ ''
'' စိတ်သာချပါ မမရယ် ''
'' အေး အေး ဒါဆိုလည်း မမပြန်နှင့်မယ်
ရေလည်အကြာကြီး ဇိမ်ခံချိုးမနေနဲ့အုံးနော် ''
'' ဟုတ်ကဲ့ပါ ''
ချောင်းရေကလေးများသည် ကြည်စိမ့်ပြီး
ကျွန်တော့ရဲ့အသားလေးတွေကို အေးစေ
သည် ။
ချောင်းရဲ့ ပတ်လည်၌ တောရိုင်းပန်းလေးများ
ပေါက်ရောက်နေသည် ။
နှင်းဆီပင်လေးများကလည်း လေယူရာ ယိမ်းနေပြီး
မွှေးရနံ့သင်းနေသည် ။
ထိုနှင်းဆီပန်းလေးကို မြင်တွေ့လိုက်တော့
ကျွန်တော့ နှုတ်ခမ်းပါး၌ အပြုံးလေး ဖြတ်ပြေး
သွားသည် ။
ချောငသည် ကျင်းပေမဲ့ နက်နဲသည် ။
နေဝန်သော် ရဲ့စိတ်သည်က ထိုနှင်းဆီပန်းကို
သာ အာရုံစိုက်နေသောကြောင့် ရေနက်သည်
ကို သတိမမူမိ နောက်မှ သူရေနက်ထဲ
ရောက်သည်ကို သတိထားမိသည် ။
သို့ပေမဲ့ အသိက နောက်ကြသွားချေပြီ
သူ၏ ခန္ဓာကိုယ်သည် တစ်ဖြေးဖြေး နစ်မြုတ်
လာသည် ။
ထိုအခါ သူအသံကုန် အော်တော့သည် ။
'' အားးးးးးးးးးးး''
' ကယ်ကြပါ့ ကယ်ကြပါအုံး ''
ကိုမင်းရဲ့ နားထဲ လူတစ်ယောက် အော်သံ
အား ထင်းရှားစွာ ကြားသည် ။
ကျွန်တော် ချောင်းနားသို့ ဖြတ်ခနဲဆို
ပြေးကြည့်သည် ။
ကျွန်တော့နှုတ်မှ အာမေဋိတ်အသံကြီး ထွက်
သွားရသည် ။
'' ဟာ''
နေဝန်းသော်ကတော့ ရေထဲမှာ ငုံ့ချည် ဖေါ်
ချည်နဲ့ နစ်မွန်းနေသည် ။
ကိုမင်းသည် ရေထဲသို့ ခုန်ဆင်း၍ နစ်မွန်း
နေသော နေဝန်းသော်နားသို့ ကူးခတ်သွား
သည် ။ ပြီးနော် ကုန်းပေါ်ဆွဲတင်၍ လှုပ်မေး
သည် ။
''' ဟေ့ ညီလေး ညီလေး ''
သူလှုပ်ရမ်းမေးသော်လည်း ထိုကောင်လေး
က မေ့မျော့နေသည် ။ ထို့ကြောင့် နည်းတစ်ခု
ကိုသာ လုပ်ရတော့သည် ။
ထိုကောင်လေးရဲ့ ရင်ဘက်ကို လက်နဲ့ဖိပြီး
သူ့ရဲ့ နှုတ်ခမ်းထဲရှိ ရေများအား ကျွန်တော့
ရဲ့နှုတ်ခမ်းဖြင့် ထွေးငုံစုတ်ယူချိန် သူ့ရဲ့
မျက်လုံးပလေးများ ဖြတ်ခနဲဆို ပွင့်သည် ။
အပိုင်း ၂ ဆက်ရန်ရှိသေးသည် <<<<<>>>>>
နွေအရိပ် ကျေးဇူးတင်ပါတယ်
အားဆေးလေးများပေးကြပါလို့
လိုက်နဲ့ ကွန်းမန့်များရင် ဆက်ရေးမယ်နော်
ကျွန်တော့ရဲ့အားဆေးပဲအချစ်က ဘာလဲ သိလား ?
💖 အဘယ့်ကြောင့် ဆိုသော် 💖
အပိုင်း ၂
နွေအရိပ် ( နှလုံးသားရဲ့ခံစားချက် )
နေဝန်းသည် သူ့ရဲ့မျက်လုံးကလေးများကို
အားယူ၍ ဖွင့်ကြည့်သည် ။
သူ့ရဲ့ မျက်ဝန်းအတွင်း၌ ယောက်ကျားပျို
တစ်ဉီးအား မြင်သည် ။
သူ့ရဲ့ နှုတ်ခမ်းများ သိသိသာသာ ပြောင်းလဲ
နေသည်ကို သူသတိပြုမိသည် ။
ထိုယောက်ကျားပျိုက ကျွန်တော့ရဲ့ နှုတ်ခမ်း
လေးတွေကို ထွေးငုံနေသည် ။
ကျွန်တော့ရဲ့ ရင်ဘတ်ထဲ၌ အချစ်ရောင်စုံ
လိပ်ပြာကလေးတွေ ထပျံကုန်သည် ။
ကိုမင်းက နေဝန်းအား သေချာစေ့စေ့
ကြည့်ပြီး စိုးရိမ်စွာ မေးသည် ။
'' ညီ အစင်ပြေရဲ့လား ''
သူ့ရဲ့ လေပြေသံလေးတွေက ကျွန်တော့
နှလုံးသားကို အရည်ပျော်စေသည် ။
ကိုမင်း ထိုကောင်ချောလေးကို နားမလည်
သလို တစ်ချက်ကြည့်ပြီး ထပ်ပြန်မေးသည် ။
'' ညီလေး အစင်ပြေရဲ့လားလို့ ''
သို့ပေမဲ့ ကျွန်တော် သူ့ရဲ့ ကြွေလောက်စရာ
ကောင်းသော အပြုံးကိုသာ ငေးမောကြည့်
သည် ။
သူက အဲ့သလောက်တောင် ချောရသလာ ?
စက်ခနဲ ကိုမင်း နေဝန်းရဲ့ မျက်နှာနားသို့
သူ၏မျက်နှာလေး တိုးကပ်ပြီး ခပ်ပြုံးပြုံးနဲ့
စနောက်ပြီး မေးပြန်သည် ။
'' ဟေ့ ကောင်ကလေး ကိုယ်မင်းရဲ့ အကြည့်တစ်ချက်တည်းနဲ့တင် အရည်ပျော်
နေပြီ့ ညီလေး နေလို့ ထိုင်လို့ ကောင်းသွား
ပြီလား ''
ကျွန်တော့ နှလုံးသားတွေ ဗြောင်းဆန်အောင်
ခုန်သည် ။ သူ့ရဲ့ ဝင်သက့် ထွက်သက်
လေရှူရှိုက်သံတွေက ကျွန်တော့ရဲ့ နှာသီးဖျား
လေးသို့ ထိမှန်သောအခါ ကျွန်တော့ရဲ့
ဆံပင်များသည် လေဟာပြင်နယ်ထဲ လွင့်စင်
သည် ။
ကောင်းကင်ပြင်၌ ငှက်ကလေးတွေ အုပ်စုလိုက် ဝဲပျံနေသလို ချောင်းဘေး၌ ပန်း
ကလေးတွေလည်း ပျော်မြူးနေကြသလားပဲ
ချောင်းရေတွေ တစ်သွင်သွင်စီးနေသလို
ကျွန်တော်တို့နှစ်ယောက်ရဲ့ အကြည့်တွေ
က့~~~~~ ။
နေဝန်းသော်သည် ကိုမင်းရဲ့ ပါးပြင်အား
လက်ကလေးနဲ့ ကိုင်ရင်း အမှတ်မထင်
နမ်းသည် ။
မျက်ဝန်းနှစ်ခု ပြူးကျယ်နေသူကတော့
ကိုမင်းပင် ။
စက်ခနဲ နေဝန်း ကိုမင်းရဲ့ ရင်ဘတ်အား
တွန်းဖယ်၍ ထထွက်ပြေးသည် ။
ကိုမင်းတစ်ယောက် ထွက်ပြေးသွားတဲ့
ထိုကောင်ချောလေးကို ငေးမောစွာကြည့်နေ
ရင်း သူ့ရဲ့ နှုတ်ခမ်းလွှာလေးအား လက်ညှိုး
ိဲနဲ့ ထိကိုင်၍ ပြုံးသည် ။
သူ့ရဲ့ အနမ်းလေးက ချိုမြနေပါလား
ကျွန်တော် ထိုအနမ်းလေးကို နောက်တစ်ခါ
ပြန်လိုချင်မိတယ့့် ။
ညရဲ့ မှောင်မိုက်မှု့အား ထိန်ထိန်သာနေတဲ့
လမင်းကြီးက အလင်းများနဲ့ ဖန်ဆင်းပေး
သည် ။
ကောင်းကင်ပြင်၌ ကြယ်ကလေးများကို
ငေးမောကြည့်ရင်း နေဝန်း နေ့လည်ကဖြစ်ခဲ့
တဲ့အရာလေးကို မျက်ဝန်းထဲမှာ မြင်ရောင်
၍ မသိစိတ်ထဲကနေ ကျွန်တော့ရဲ့ နှလုံးသား
ထဲက တီးတိုးတိုးလေးတွေးသည် ။
သူက နတ်သားလားမသိပါ့
သို့ပေမဲ့ ကျွန်တော့ရဲ့ နှလုံးသားတွေကို
သူ့ရဲ့အကြည့်တစ်ချက်ကလေးနဲ့တင် လှုပ်ခါ
အောင် ပြုစားသည် ။
ကျွန်တော့ရဲ့ နှလုံးသားက သူ့အပေါ်အား
တမ်းတ လွမ်းဆွတ်သည် ။
ကျွန်တော့ဘက်ကနေစပြီး သူ့ကို ချစ်မိသည် ။
ကျွန်တော့ရဲ့ လစ်ဟာနေတဲ့ နှလုံးသားကို
သူက ဖြည့်စွပ်ပေးနိုင်သည် ။
ကျွန်တော့ရဲ့ အမြင်အာရုံထဲမှာတော့ အမြဲ
တစ္ဆေ သူရဲ့ ပုံရိပ်ရောင်ကလေးတွေကိုပဲ
မြင်ရောင်သည် ။
အဘယ့်ကြောင့် ဆိုသော့့် သူ့အား ကျွန်
တော် တမ်းတစွာ ချစ်မိနေပါပြီ့
မနက်ခင်းရဲ့ အလင်းရောင်သည် လူသားတို့
ရဲ့ စိတ်ကို ကြည်နူးရွှင်လန်းစေသည် ။
ကြက်ကလေးများရဲ့ အော်သံတွေက ညံပွတ်
သည် ။
'' ကတော့ ကတော့းးးးးးး ''
ကြက်များညံသည်ကမဆုံးသေး ငှက်ကလေး
များကလည ညံပွတ်အောင် အော်ကြသည် ။
'' ကျလစ့့် ကျလစ်းးးးးး''
ဒီကြားထဲ ခွေးတွေက ဟောင်၍ ကိုက်ကြသည်
'' ဝုတ့်ဝုတ့် အိုင့် အိုင်းးးးးး''
ရွာကြီးတစ်ရွာလုံးသည် မိုးလင်းသည်နှင့်
လူများ ညံပွတ်တော့သည် ။
'' သမီးရေ့သမီးသော်တာ ''
ဒေါ်သောင်းရဲ့ အော်ခေါ်သံကြောင့် သော်တာ
ဒေါ်သောင်းနားသို့ အပြေးလေးလာသည် ။
'' ရှင် အမေ ''
ဒေါ်သောင်းက ထမင်းချိုင့်ကို ပိတ်ရင်း သော်
တာ့ကို ပြောသည် ။
'' သမီးမောင်လေး ထပြီလား ''
'' ဟုတ် ထပြီအမေ ''
'' အေးးးးးး ခေါ်လိုက်အုံး သူ့ကို စပါးရိတ်တွေ
စားဖို့ ထမင်းသွားပို့ခိုင်းမလို့ ''
'' ဟုတ်အမေ ''
'' မောင်လေးရေ့မောင်လေး ''
'' ဗျာ မမ''
'' ခဏလာအုံး ''
'' ဟုတ် ''
'' အမေက စပါးရိတ်တွေစားဖို့ ထမင်းသွားပို့
အုံးတဲ့ ''
'' ပို့ပေးမယ်လေ ''
'' အေး ကောင်းကောင်းသွားနော် ငါ့မောင် ''
'' ဟုတ်ကဲ့ပါ မမဝတ်မှုန်ရွှေရည်ရယ် ''
''အဲမလေး ငါ့မောင်လေးကို မုန့်ဝယ်ကျွေး
အုံးမယ် ''
'' သွားပြီနော် ''
တောထဲတွင် လယ်ကွင်းများထဲ၌ စပါးပင်
စိမ်းစိုစိုများရှိသည် ။ မိုးရွာထားကြောင့် လယ်
ကွင်းပြင်များထဲ ရေများပြည့်လျှံသည် ။
စပါးပင်လေးများကို လေပြေလေး တိုက်ခတ်
သွားချိန် တစ်ညီတစ်ညာထဲ ယိန်းယိုင်သွား
သည်မှာ မြင်မဝပါ ။ ကောင်းကင်ပြင်၌လည်း
မိုးတိမ်ကလေးတွေ ကင်းလွတ်သည် ။ မှိုင်းပြ
ပြစိမ်းစိုစို တောင်တန်းကြီးများခြေရင်း၌
နွားဖြူကလေးများ မြက်စားနေကြသည် ။
နေဝန်းက စပါးရိတ်တွေနားသို့ သွားပြီး
ခပ်သဲ့သဲ့စကားဆိုသည် ။
'' အကိုတို့ ထမင်းစားလို့ရပါပြီ ''
မတိုး မညှင်းနဲ ကြောက်ရဲရဲအသံလေးကြောင့်
ကိုမင်း ထိုအသံပိုင်ရှင်ကို မော့ကြည့်သည် ။
ကျွန်တော့ ရင်ခုန်သံတွေ ဗြောင်းဆန်သည် ။
လှစ်ခနဲ ကျွန်တော်ပြုံးသည် ။ နေဝန်းက ကို
မင်းအား မျက်လုံးကလေးများ ပြူးကျယ်
အောင်ကြည့်သည် ။ ကျွန်တော့ရဲ့ နှလုံးသား
သည် ရင်ဘက်ကို ပေါက်ထွက်အောင် ခုန်သည် ။ ကျွန်တော့ရဲ့ နှလုံးသားတွေက
ထိုအကိုနဲ့တွေ့ရင် ခုန်သည် ။ ဒိန်းခနဲ ဒိန်းခနဲ
ခုန်နေတဲ့ နှလုံးသားကို မခုန်ပါနဲ့လို့ ပြောချင်
ပေမဲ့ ပြောမရပါ ။
ကိုမင်းရဲ့ စိတ်ထဲ၌ ထိုချာတိတ်ကလေးကို
ထင်ကြေးပေးသည် ။
မင်းလေးက ဉီးလေးစောနိုင်သားတဲ့လား
နတ်သက်ကြွေလာတဲ့ နတ်သားလေးလား
ဒါမှမဟုတ် ဗာရာဏသီတိုင်းပြည်က ဘုရင့်
သားတော်လေးလား အိုး ပြောမပြတတ်တော့
ဘူးခလေးရယ် ကိုယ့်ရဲ့ရင်ခုန်သံတွေ တုန့်
ဆိုင်းသွားအောင် ပြုစားနေသလား
ခင်များလေးကြောင့် ကျုပ်တော့ရူးတော့မယ်
သူတို့နှစ်ယောက် အကြည့်ကလေးများ
ဆုံသည် ။ ဘေးကလူးတွေတောင် သူတို့မေ့
လျော့သည် ။
နေဝန်း သူ့ရဲ့အကြည့်မှ ဖယ်ခွာ၍့
'' အကိုတို့ ထမင်းစားလို့ရပါပြီ ''
စပါးရိတ်သမားများ ဝိုင်းဖွဲ့၍ ထမင်းစားကြသည်။ စကားတစ်ပြောပြောနဲ့
မြိန်ချက်စွာစားသည် ။
နေဝန်းရဲ့ အကြည့်တွေက ထမင်းစားနေတဲ့
ကိုမင်းကို မသိမသာလေး ခိုးကြည့်သည် ။
ထမင်းလေးစားတော့လည်း တစ်မျိုးလေး
ချောပါလား အို ငါရူးနေပါပြီ့
ထမင်းစားပြီး၍ အလုပ်သမားများ ပြန်သည် ။
နောက်ဆုံး ကျန်ရစ်နေခဲ့တာကတော့
ကျွန်တော်တို့ နှစ်ယောက်ပင့်
ကျွန်တော် ထမင်းပန်းကန်များ သိမ်းနေချိန်
ကိုမင်းရဲ့ လက်ခလေးနဲ့ ထိမိသည် ။ ကျွန်
တော့ ခန္ဓာကိုယ်ထဲ၌ လည်ပတ်စီးဆင်းနေတဲ့
သွေးများ တုန့်ခနဲ ရပ်တန့်သည် ။
ကျွန်တော် သူ့ကို လှည့်ကြည့်ချိန် သူနဲ့
အကြည့်ထပ်ဆုံပြန်သည် ။ သူနဲ့ အကြည့်တွေ
ဆုံးတိုင်း ကျွန်တော့ နှလုံးသားတွေ ခုန်သည် ။
သူ့ရဲ့ အကြည့်တွေက နူးညံ့သည် ။
သူကရော ကျွန်တော့လိုပဲလား ?
'' ညီ ဘာတွေ တွေးနေတာလဲ ''
သူ့ရဲ့ ခေါ်သံကြောင့် ကျွန်တော်လန့်သည် ။
` ဗျာ ´
ကိုမင်း ပြုံးပြီးမေးသည် ။
'' ညီက သော်တာ့ မောင်လား ''
ကိုမင်းက သိရက်နဲ့ စကားထွင်မေးသည် ။
'' ဟုတ်ကဲ့ အကို ''
နေဝန်းက ကြောက်ရဲရဲနဲ့ တောင်းပန်စကား
ဆိုသည် ။
'' ဟိုနေ့က ကိစ္စအတွက် တောင်းပန်ပါတယ်''
ကိုမင်းက ပြုံးသည် ။
'' ကိုယ်စိတ်မဆိုးဘူး ဒါနဲ့ ညီ့ကိုခင်လို့ရလား''
'' ဟုတ် ရပါတယ်''
'' ညီ့နာမည်က ဘာတဲ့လဲ ''
'' နေဝန်းသော်ပါ အကိုရော''
'' အကို့နာမည်က ကိုမင်း ညီလေးက
နာမည်လေးလှသလို လူလေးကလည်းချစ်စရာလေး ''
` ဗျာ ´
ကျွန်တော် အံ့သြသည် ။
''ညီလေး အဲ့နေ့က ဘယ်လိုလုပ်ပြီး ရေနစ်တာ
လဲ ''
''နှင်းဆီပန်းလေးလိုချင်လို့ သွားတာလေ
အခုတော့ မရတော့ဘူး ''
သူလေးရဲ့ မျက်နှာလေး ညှိုးကြသွားတော့
ကျွန်တော် ချက်ချင်းဆိုသလို စိတ်မကောင်း
မိ မင်းလေးကို အမြဲပြုံးနေတာ မြင်ချင်တယ်
ကျွန်တော့ရဲ့ အိမ်ပြန်လမ်းသည် ပန်းပွင့်ဖြူများ ခင်းထားသလို ကိုမင်းရယ်
ညီ့ရဲ့ မျက်ဝန်းထဲမှာ ကိုမင်းရဲ့ ပုံရိပ်ကလေးပဲ
မြင်ရောင်နေတယ် ။
အိမ်နောက်၌ မန်ကျည်းပင်အောက်တွင်
သော်တာ ထိုင်သည် ။ တစ်ယောက်ထဲ ပြုံး
လိုက် ရယ်လိုက်နဲ့ နေဝန်း သော်တာ့နား
သွား၍့
''ဟေ့ မမ ဘာတွေ တွေးပြီး ရီနေတာ ''
'' မောင်လေး ''
'' အင်းပြော''
'' နင် ကိုမင်းနဲ့ တွေ့သေးလား စပါးခင်းမှာ ''
'' ဘာလို့လဲ တွေ့ပါတယ် ''
'' ငါ နင့်ကို ပြောပြမယ် ငါ ကိုမင်းကို
အရမ်းချစ်တယ် ''
အပိုင်း ၃ ဆက်ရန်ရှိသေးသည် <<<<<>>>>>
<<>>>>>>>
နွေအရိပ် ကျေးဇူးတင်ပါတယ်
အားဆေးများ ပေးခဲ့ကြပါနော်
နေမကောင်းသည့်ကြားက တင်လိုက်တာပါ။
Writer by နွေအရိပ်