LGBT များ အထူးအားဖြင့်Gayမျိုးဆက်သစများအကြားသိမှတ်ဖွယ်ရာများ - The AMPN World News

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

LGBT များ အထူးအားဖြင့်Gayမျိုးဆက်သစများအကြားသိမှတ်ဖွယ်ရာများ


ရေးစရာ၊ တွေးစရာ၊ ဆွေးနွေးစရာတွေကလည်း များလိုက်တာ၊ အိမ်မှာနေရင်းစာဖတ်၊ အင်တာနက်သုံးနေပေမယ့် နည်းပညာခေတ်ဆိုတော့ အိမ်မှာထိုင်နေရင်းကို ကမ္ဘာပတ်လို့ရနေတဲ့ ခေတ်ဖြစ်နေတော့တာကိုး… ဘုန်းကြီးကမုဒိမ်းကျင့်တဲ့ကိစ္စ၊ သင်္ကန်းဝတ်နဲ့ စက်ဘီးခိုးတဲ့ကိစ္စ၊ ဟော မန္တလေးမြို့ကြီးမှာ ဓားဘုရင်တွေ သောင်းကြမ်းတဲ့ကိစ္စ၊ ဥပဒေအရာရှိနဲ့ တပ်အရာရှိတို့ မိသားစုက အိမ်အကူမိန်းမကို သေစေတဲ့အထိ ညှင်းပန်းနှိပ်စက်တဲ့ ကိစ္စ စတဲ့ ကိစ္စများမြှောင် သည်လူ့ဘောင်မှာ ကိုယ်တွေလို မျိုးတူတွေရဲ့ ကိစ္စကလည်း တယ်မသေးတာပါကလား။

အခုဖတ်နေတဲ့ အဘွားကြီးရေ…. ဆိုတဲ့ ၀တ္တုတိုပေါင်းချုပ်ထဲမှာ လျှာဆိုတဲ့ဝတ္တုလေး ပါလာတယ်။ Gay တစ်ယောက်ရဲ့ စိတ် (လိင်စိတ်)ကို ချိန်ခွင်လျှာလေးနဲ့ ယဉ်ယဉ်ကလေး ချိန်ထိုးသွားတယ်။ ယနေ့ခေတ်ပြောနေကြတဲ့ အိပ်ယာပေါ်က ကိစ္စလို့ ပြောတဲ့ Top၊ Bottom ဆိုတဲ့ ကိစ္စတွေကို ပြောသွားတာပါပဲ။

“ ဦးတို့လို လောကမှာ ဘယ်သူကတော့ ယောက်ျားနေရာကနေသူ၊ ဘယ်ဝါကတော့ မိန်းမလိုနေရာကနေသူဆိုတာ အမြဲတမ်းမမှန်ပါဘူးကွယ်၊ ချိန်ခွင်လေးတွေကို မင်းမြင်ဖူးရဲ့လား… အဲ့သည့်ချိန်ခွင်လေးတွေရဲ့ အလယ်မှာ လျှာဆိုတဲ့ ငုတ်တိုလေးတစ်ခုရှိတယ်လေ၊ အဲ့သည့်လျှာလေးက ဟိုဘက်က လေးရင် ဟိုဘက်စောင်းသွားပြီး၊ ဒီဘက်ကလေးရင်လည်း ဒီဘက်ကို စောင်းလာမှာပါ၊ အလယ်မှာ မတ်မတ်ရပ်နေဖို့ဆိုတာကတော့…..” ဆိုပြီး သိမ်သိမ်မွေ့မွေ့ကလေး ရေးသွားတယ်။

နယ်ပယ်အသီးအသီးကသတင်းအကြောင်းအရာတွေကို ကဏ္ဍစုံလင်စွာတင်ဆက်ပေးနေတဲ့ www.globalmyanmarnews.blogspot.com

အပိုင်း(က)
SOGIE




SOGIE ဆိုတဲ့ စကားလုံးအကြောင်းကို ရေရေလည်လည် မွတ်မွတ်ကျေ တတ်ချင်တယ်ဆိုရင်တော့ သင်တန်းတက်မှရလိမ့်မယ် ကိုယ်တွေတောင် ဒေါင်ချာဆိုင်းနေအောင် လည်နေတုန်းရှိပါသေးတယ်။

SOGIE ဆိုတဲ့ စကားလုံးမှာ GIE ကို အသာထား၊ SO ကို ရှင်းလင်းကြည့်ကြပါစို့ Sex ဆိုတဲ့စကားလုံး Sexual Orientation ဆိုတဲ့ စကားလုံး... တစ်ဦးနဲ့ တစ်ဦး သာယာတာ တိမ်းညွတ်၊ကိုင်းညွှတ်တာ… မြင်နေရရင် ကြည်နူးတာ၊ အတူရှိနေရတာကို ရင်ခုန်တာ၊ အသံလေးကိုသာယာတာ၊ ကိုယ်ခန္ဓာလေးကို နှစ်လိုတာ… ကိုင်း ဘယ်လိုစကားလုံးတွေနဲ့ပဲ ပြောပြော အချစ်ပါ။ ရင်ခုန်တာပါ၊ တပ်မက်တာပါ၊ တွယ်တာတာပါ စသဖြင့် စကားလုံးတွေ ဘယ်လိုပဲပြောပြော ကိုယ်က ဘယ်လိုလူမျိုးနဲ့ သာယာလိုစိတ်ရှိတာလည်းဆိုတာ အရေးကြီးသွားပါတယ်။ ရိုးရိုးလေး ပြောရရင် ကိုယ် ဘယ်လိုလူမျိုးကို ချစ်သလဲပေါ့လေ။

အပိုင်း(ခ)
Love and Sex

စောစောကပြောခဲ့ပြီးပြီ အချစ်ဆိုတဲ့ရိုးရိုးရှင်းရှင်းကိစ္စပေါ့။ သူငယ်ချင်းတစ်ယောက်ကပြောတယ် SOGIE ဆိုတာ သူငယ်ချင်းရယ် ခြောက်လို့ကောင်းအောင်ပြောထားတဲ့ စကားလုံးပါတဲ့ သည်ထက် နက်နဲတဲ့ ကိစ္စတွေ အချစ်အနောက်မှာရှိသေးတယ်တဲ့။
သည်ရက်ထဲမှာ ကိုယ့် Friend list ထဲက ကလေးတစ်ယောက်တင်ထားတာတွေ့တယ်။ သူတို့စုံတွဲ(Gay)စုံတွဲကို ဘယ်သူကယောက်ျားလဲ၊ ဘယ်သူက မိန်းမလဲလို့ မေးလို့ စိတ်တိုတယ်တဲ့။ ကိုယ်လည်း စီနီယာတွေဆီက ကြားတဲ့စကားကို ပြောပြလိုက်တယ်။ တူနှစ်ချောင်းမြင်ရက်နဲ့ ဘယ်သူက ခက်ရင်း ဘယ်သူက ဇွန်းလည်း မေးစရာလားလို့ ပြောလိုက်လို့ မြှောက်ပေးလိုက်တယ်။

ညနေကျတော့ သူငယ်ချင်းတစ်ယောက်က ရင်လာဖွင့်တယ်။ သူတို့ ဂေးလ်စုံတွဲရဲ့ အိပ်ယာပေါ်က ကိစ္စတွေအကြောင်းပေါ့။ Top ပါလို့ ကိုယ့်ကိုယ်ကို ခံယူထားတဲ့ နှစ်ယောက်ရဲ့ အိပ်ယာပေါ်က အခက်အခဲကိုပေါ့။ အကျယ်တ၀င့်ပြောပြရရင် 18+တွေပါ ပါကုန်လိမ့်မယ် အဓိကက သည်အကြောင်းအရာတွေရဲ့ နောက်ဆက်တွဲ ပြဿနာကို ပြောပြချင်တာပါ။

စောစောက စာအုပ်ထဲကလို ချိန်ခွင်လျှာနဲ့ပဲ တွေးကြည့်ကြတာပေါ့၊ SOGIE ဆိုတာ တယ်ရှုပ်တယ်လို့ပြောတယ်မလား၊ လိင်စိတ်ဆိုတာ ဝေခွဲမရပါပဲ နားနဲ့မနာ ဖ၀ါးနဲ့ နာကြပါလို့ ပြောပါရစေ၊ မွေးလာကတည်းက သည်ခန္ဓာကိုယ်တည်ဆောက်ပုံတွေနဲ့မွေးလာကြတယ်။ ပုထုဇဉ်တွေလေ… အမြဲတစေ လိင်စိတ်ဆိုတာ တသမတ်တည်းရှိနိုင်မတဲ့လား ထူးခြားတဲ့ ဒူးယားတွေ မဟုတ်ဘူးလား။ ယောက်ျားမိန်းမ သံဝါသပြုကြမယ်ဆိုရင်တောင်မှ မှောက်ယက်လေး၊ ပက်လက်လေး၊ မတ်တတ်လေးဆိုတာရှိတတ်သေးတာပဲ သည်ယောက်ျားနှစ်ယောက်၊ မိန်းမနှစ်ယောက် ကာမစက်ယှက်ကြတဲ့အခါ… ရှုတ်ထွေးပွေလီမှုမရှိဘူးလို့ပြောရင် အင်္ဂလန်ဆိုတဲ့ စကားတောင် ထွက်လာစရာ အကြောင်းမရှိပါဘူး။ (နားနဲမနာ၊ ဖ၀ါးနဲ့ နာလို့ ပြောခဲ့ပြီးပါပြီနော်)
အဲ့သည်တော့ ယောက်ျားနေရာက နေလိုတဲ့အခါရှိမယ်၊ မိန်းမနေရာက နေလိုတဲ့အခါရှိမယ်၊ Love is not equal sex ပါ၊ အချစ်ဆိုတာ သံဝါသပြုဖို့ တစ်ခုတည်းမှမဟုတ်တာပဲ။ တစ်ကန့်စီပဲလေ၊ လူတွေရဲ့ ပညတ်ချက်တွေကြောင့်သာ ခြေချုပ်မိနေကြပေမယ့် အိမ်မက်ထဲမှာ ကိုယ့်ချစ်သူ၊ ကိုယ့်ရည်းစား၊ ကိုယ့်အိမ်ထောင်ဖက်မဟုတ်တဲ့သူနဲ့ ဘယ်လိုတွေ သာယာတတ်ကြသလဲဆိုတာ ၀န်မခံရင်သာရှိမယ် အဲ့သည်လို အိမ်မက် မမက်ဖူးတဲ့သူရှိနိုင်ပါ့မလား ကိုယ့်ကိုယ်ကို စာမေးပွဲစစ်ကြည့်ကြပေါ့လေ။

ဟိုးတစ်လောက ဂျူနီယာ gay လေးနှစ်ယောက် ပြတ်ဆဲသွားကြတယ်။ သူတို့ပြောသလို uke ပေါ့လေ အဲ့သည့်ကလေးနဲ့က ရင်းနှီးနေတော့ နင့်အမျိုးသားကလေ၊ နင့်ယောက်ျားကလေ ဆိုပြီး သူ့ရဲ့ လက်တွဲဖော်ကို နာမ်စားသုံးပြီး ပြောဖြစ်တယ်။ မကြာပါဘူး ပြတ်ဆဲပြီးသကာလ သူ့လက်တွဲဖော်ရဲ့ မိန်းမပုံစံအ၀တ်အစားတွေနဲ့ တက်လာတာတွေမြင်ရတော့ ကိုယ်တွေပြောပြောနေတဲ့ SOGIE ကြီး ကျွမ်းထိုးမှောက်ခုံဖြစ်တော့တာပဲ။ လူတစ်ယောက်နဲ့ တစ်ယောက်ချစ်ကြတာ အိပ်ယာပေါ်က Role တွေ မလိုပါဘူးလို့ ဘယ်လိုပဲပြောနေပါစေ တကယ့်တကယ် လက်တွေ့ဘ၀မှာ ဘာတွေ ပြဿနာ တက်နေကြသလဲဆိုရင်….

အပိုင်း(ဂ)
Love and Sex of LGBT

အချစ်ဆိုတဲ့ အရာ၊ ကိုယ်တွေ စာသင်ခဲ့သလိုပေါ့ အချစ်ရဲ့ အခြားတစ်ဖက်က လက်ထပ်ခြင်း၊ လက်ထပ်ခြင်းရဲ့ အခြားတစ်ဖက်က ပေါင်းသင်းနေထိုင်ခြင်း၊ နက်နက်နဲနဲပြောရရင် သံဝါသပြုခြင်း၊ မေထုန်မှီဝဲခြင်း၊ ကာမဆက်ယှက်ခြင်းပေါ့ အင်မတန်မှ ရှုတ်ထွေးလှတဲ့ လောကကြီးမှာမှ ရှုတ်ရှုတ်ထွေးထွေး လိင်တူချစ်ခြင်းဆိုတာ ဖြစ်လာတယ်။ ဘယ်သူ့ကိုမှ ချစ်ပါလို့ အစိုးမရတဲ့ကြားထဲ လူနှစ်ဦးချစ်မိသွားပြီ… ကဲ ချစ်ခြင်းရဲ့ အခြားတစ်ဖက်ကိုရောက်ကြပြီ… အဲ့သည့်မှာ ပြဿနာ တတ်တော့တာပဲ (အချစ်အကြောင်းပဲပြောပါ ဘယ့်နှယ့် အိပ်ယာပေါ်က ကိစ္စတွေကို ပြောနေသလဲလို့ စိတ်မစောလိုက်ပါနဲ့ ကြုံလာရမယ့် အရာတွေရှိနေတာမို့ပါ) စောစောက ပြောတဲ့ top ဆိုတဲ့နှစ်ယောက်၊ Bot ဆိုတဲ့နှစ်ယောက် ချစ်ကြပါပြီတဲ့… ဘယ်လိုစခန်းသွားကြမလဲ…

ကိုယ့်ကို ရင်လာဖွင့်တော့ တစ်ခွန်းတော့ ပြောလိုက်ပါတယ်၊ ပညာသင်ခါ မရှက်ရာ၊ ကုန်ရောင်းဝယ်ရာ မရှက်ရာ၊ မေထုန်မှီရာ မရှက်ရာလို့… ချစ်ကြပြီဆိုမှတော့ ကာမဆက်ယှက်ပြီ၊ ထိုးသွင်းဆက်ဆံကြပြီ… အဲ့သည့်မှာ တစ်ယောက်ကိုတစ်ယောက် လက်မခံနိုင်ဖြစ်ကြပြီဆိုရင် ဘယ်လိုရှေ့ဆက်ကြမလဲ။ (ဆက်လက် ဆွေးနွေးကြပါကုန်)

အပိုင်း(ဃ)
ကာလသားရောဂါနှင့် အခြား ကူးစက်ရောဂါများ…

အချစ်ရဲ့ အခြားတစ်ဖက်ကို နယ်ကျွံမိတော့ နှစ်ဦးသား အဆင်မပြေကြတော့ဘူး၊ ချစ်တာက နှလုံးသားက ဒါပေမယ့် မွေးရာပါ ပါလာတဲ့ အသားပိုလေးရဲ့ စိတ်ဆန္ဒကလည်းရှိပြန်… အိမ်ကွင်းမှာ ကန်လို့မရတော့ အဝေးကွင်းကို ကန်ကြပါပြီတဲ့… မတူဘူးနော် နှလုံးသားနဲ့ လိင်အင်္ဂါဆိုတာ သူ့ဆန္ဒနဲ့ သူ… ဖောက်လွဲဖောက်ပြန်မလိုလားကြတဲ့ အချစ်နဲ့ မောင်မလာ မောင်သာငတ် မောင့်နေရာ လူမလပ်ဆိုတဲ့ လိင်အင်္ဂါနဲ့ စစ်ပွဲတွေဖြစ်ကြပြီ။

သည်လိုနဲ့ Grindr တို့၊ Blued တို့ကနေ ကိုယ့်အတွက်တစ်ခါသုံး အာသာပြေတွေရှာကြပြီ။ သည်နေ့ခေတ်ကြီးမှာ တိုးတက်ခြင်းနဲ့အတူ ကပ်လျက်ပါလာတဲ့ အန္တရာယ်တွေဆိုတာကလည်း အများကြီးကိုး…

အဲ့သည်တော့ အကာအကွယ်သုံးပါတယ်ဆိုပေသည့် ဒွါရ ကိုးပေါက်မှာ သုံးလို့ရသမျှ အပေါက်တွေ အကုန်သုံး အတတ်တွေ ဆန်းကုန်ကြပြီ။ အိမ်ကွင်းမှာ မကန်ရသမျှ အဝေးကွင်းမှာ ကန်ကုန်ကြပြီ။

သည်နေရာမှာ စုံတွဲတွေသာမက အခြားသော တစ်ကိုယ်တည်းကျင်လည်နေကြတဲ့ gay တွေကိုပါ အန္တရာယ်ကို သတိပြုစေချင်တာပါ။

စအိုနဲ့ သာမက ပါးစပ်နဲ့ပါ ဆက်ဆံကြတယ်။ HIV ကူးစက်ခံထားရတဲ့ သူတစ်ယောက်က ပြောပြဖူးတယ်။ ပါးစပ်နဲ့ပဲ သူဆက်ဆံတာပါတဲ့ ဒါပေမယ့် ဘယ်လိုကူးစက်သွားတယ်ဆိုတာ သူမသိပါဘူးတဲ့။ နောက် စအိုနဲ့ ဆက်ဆံချိန်မှာသာ ကွန်ဒုံသုံးပေမယ့် ပါးစပ်နဲ့ ဆက်ဆံချိန်မှာ မသုံးဘူးတဲ့။ အဲ့သည်လို ရှုတ်ထွေးပွေလီတဲ့ သည်လောကမှာ ပထမဆုံးဆိုတဲ့ အကြိမ်ကနေ ကူးစက်ခံလိုက်ရရင် ဘယ်သူမှ မသိလိုက်ဘူး။

ကိုယ်ချစ်တာက တစ်ယောက် နယ်ဝေးစီဖြစ်နေကြလို့၊ သူက လက်မခံလို့ စသဖြင့် စသဖြင့်တွေအပြင်၊ ရည်းစားမရှိပါဘူးဆိုပြီး အခု GS လို့ခေါ်ကြတဲ့ အတတ်ဆန်းကိစ္စတွေကို တွေးကြည့်ကြစမ်းပါ… ဘယ်လောက်များ ကြောက်စရာကောင်းလိုက်ပါသလဲ။ ကာလသားရောဂါ၊ HIV နဲ့ အခြားအခြားသော ကူးစက်ရောဂါတွေ ဘယ်လောက်များ ပွားလိုက်မလဲ…

ဟိုးတလောက နာမည်ကြီးသွားတဲ့ မယ်လိမ့်လုံ ကိစ္စမျိုးဆိုရင် ကိုယ်တိုင်ကတော့ HIV awareness တွေ လုပ်နေပါရဲ့နဲ့ ကွန်ဒုံမသုံးတဲ့သူတွေ ဒုနဲ့ဒေးပါ။ သည်လိုလူမျိုးတွေကြောင့် ဘ၀ပျက်ခဲ့ရတဲ့ သူနှစ်ယောက်ကိုကြားရတော့ ကိုယ် တအံတသြနဲ့ ပြောစရာ စကားမဲ့သွားလောက်အောင် ၀မ်းနည်းခဲ့ရဖူးပါတယ်။
တစ်ကြိမ်တစ်ခါ မှားခဲ့တဲ့ အမှားကြောင့် ပေးဆပ်ရမယ့် တန်ဖိုးကလည်းကြီးမားလိုက်လေခြင်း… တစ်ခဏနဲ့ တစ်ဘ၀ မလဲမိစေချင်ဘူး။

အပိုင်း(င)
SOGIE, Love and Sex of LGBT, ကာလသားရောဂါနှင့် အခြား ကူးစက်ရောဂါများ

ပြောချင်တဲ့စကားတွေ ထွေရာလေးပါမို့လို့ ရောထွေးသွားပါလိမ့်မယ် အချိန်ပေးပြီး ဖတ်ကြည့်စေချင်တာပါ။ အဲ့သည်တော့ လိင်တူနှစ်ဦးချစ်ကြပြီဆိုရင် အိပ်ယာထဲက ကိစ္စတွေကို ကြိုတင်တွေးကြည့်ပါ ချိန်ခွင်လျှာလေးလို ဟိုဖက်သည်ဖက် ယိမ်းတဲ့အခါရှိလိမ့်မယ်၊ ရှိလည်းရှိကြတယ်။ ချစ်လို့ဘ၀တစ်ခုလုံး ပုံအပ်ခဲ့ကြပြီးပြီပဲ role တွေခွဲလိုက်လို့ ဘယ်သူ့ ဘယ်သူမှ မြင့်မြတ်မသွားပါဘူး၊ SOGIE ဆိုတာ ပညတ်ချက်တစ်ခုပါပဲ။ ကိုယ့်လက်တွဲဖော်ဟာ သံတုံး၊ သံခဲမဟုတ်တဲ့ လူပါ ကိုယ့်အိမ်မှာ အစာ၀၀မကျွေးရင် အပြင်ထွက်စားကြမှာ သတ္တ၀ါတွေရဲ့ သဘာဝပဲ သည်တော့ ညှိနှိုင်းကြပေါ့လေ။ ညှိလို့လည်း မရဘူးဆိုရင်တော့ဖြင့် ရှောင်နိုင်ရင်ရှောင်၊ မရှောင်နိုင်ရင်ဆောင်တဲ့… အဲ့သည့်စကားက အလကားထားတာ မဟုတ်ပါဘူး မျက်စိနဲ့ကြည့်ယုံနဲ့ ဘယ်သူကသန့်ရှင်းပါတယ်ဆိုတာ ဆုံးဖြတ်လို့မရတဲ့ခေတ်ကြီးမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ သတိတစ်ချက် လစ်တာနဲ့ ဘ၀တစ်ခုလုံး ပစ်ရတတ်ပါတယ်။ ရှောင်တာက အကောင်းဆုံးပေါ့လေ… ဆောင်တဲ့သူတောင် ကံမကောင်းတဲ့အခါ ပေါက်ပြဲ ဒိတ်ကုန် မိပြီး ထိချင်ထိသေးတာပဲ။ သည်တော့ ကိုယ့်အိမ်ထောင်ဖက်နဲ့ ကိုယ် အဆင်ပြေကြပါစေလို့ပဲ အကြံပြုရတာပေါ့။

တကယ်တော့ ရှုတ်ထွေးလှတဲ့ လူ့ဘ၀မှာ ပွေလီနေတာကိုက ခက်ကြတာပါပဲ…
လိင်တူ စုံတွဲများ အပေးအယူညီမျှ ဖေးကူ သူနဲ့ ကျွန်မ ဆိုတာမျိုး ညီညွတ်ကြပါစေ…
ရောဂါကူးစက်ခံထားရသူများအနေဖြင့်လည်း လူ့စည်းဘီလူးစည်းဆိုတဲ့ အနေနဲ့ အနေထိုင် ထိန်းသိမ်းနိုင်ကြပါစေ…
မကူးစက်ခံရသေးသူများအနေဖြင့်လည်း အသိနဲ့ သတိ ပိုသည်မရှိ ကာကွယ်နိုင်ကြပါစေ…လို့ ဆုတောင်းလိုက်ရပါတယ်…
Source: Internet

Post Bottom Ad

Responsive Ads Here

Pages